မိုင်းရယ် ဒီဇင်ဘာ ၁၈
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးစီး၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နှင့် အမှတ်(၂)ရပ်ကွက် နေပြည်သူများ စုစုပေါင်းအင်အား(၁၀၀)ခန့်ပါဝင်သည့် စုပေါင်းအဖွဲ့သည် ယမန်နေ့က နမ့်ရယ်ခန်းမ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းအဖွဲ့သည် ခန်းမဧရိယာပတ်ဝန်းကျင်ရှိ မြက်ပင်များရိတ်ခြင်း၊ အမှိုက်များစုပုံမီးရှို့ခြင်း၊ ခြံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထွက်ရှိလာသည့် အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးကားဖြင့် သယ်ယူစွန့်ပစ်ခြင်းများကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အားပေးကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်(ပြန်/ဆက်)