ကျိုင်းတုံမြို့၌ ရှေးဦးပြုစုခြင်းနည်းပြသင်တန်းဖွင့်

ကျိုင်းတုံ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှေးဦးပြုစုခြင်းနည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဖူလိုင်မိုတယ်တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းငွေက အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါ ရှေးဦးပြုစုခြင်းနည်းပြ သင်တန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲ၌ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာပြီးကြံ့ကြံ့ခိုင်နိုင်စွမ်းရှိသော ရပ်ရွာလူထုဖြစ်ပေါ်လာစေရန် တည်ဆောက်ခြင်းစီမံချက် (BHRC-Project)ရန်ပုံငွေဖြင့် ဖွင့်လှစ်ခြင်းကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်  ၂၀ ဦး တက်ရောက်ပြီး ဒီဇင်ဘာလ ၁၇ ရက် မှ ဒီဇင်ဘာလ ၂၄ ရက်အထိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ နည်းပြဆရာ/ဆရာမ ၃ ဦးက စာတွေ့လက်တွေ့ သင်ကြားပြသပေးမည်ဖြစ်ပြီးကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)