လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲဖြေဆို

လိပ်သို ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒီဇင်ဘာလ အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ယနေ့နံနက်ပိုင်းမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို နံနက်ပိုင်း ၉ နာရီတွင် တစ်ဘာသာ၊ မွန်းလွဲ ၁ နာရီတွင် တစ်ဘာသာဖြင့် တစ်ရက်လျှင် နှစ်ဘာသာဖြေဆိုရမည်ဖြစ်ပြီး စာသင်ချိန်တစ်ချိန် ပေးမှတ် (၂၅) မှတ် မေးခွန်းလွှာများကို  ဒီဇင်ဘာလ(၁၈) ရက်နေ့မှ (၂၁)ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲများကို အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အဆင့်အလိုက် တတ်မြောက်မှုစစ်ဆေးရန် ဖြေဆိုချိန်နှင့် ပေးမှတ်သတ်မှတ်ချက်များအတိုင်း တာဝန်ရှိသူအသီးသီးက တိကျစွာစည်းကမ်းတကျလိုက်နာ၍ ကျင်းပပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)