မက်မန်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မုန်လာဥများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
“မက်မန်းမြို့နယ်တွင် ယခင်က ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးသူနည်းပါးသဖြင့် ဟင်းသီးဟင်းရွက်များကို မိုင်းပျဉ်းမြို့မှတစ်ဆင့် ဝယ်ယူရောင်းချသဖြင့် စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးရာတွင် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးရကြောင်း၊ မက်မန်းမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများမှ ဟင်းသီးဟင်းရွက်အပါအဝင် မုန်လာဥများကို စမ်းသပ်စိုက်ပျိုး၍ ဒေသတွင်းရှိ စားသုံးသူများအား ဈေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချလျက်ရှိရာ မက်မန်းမြို့၊ အမှတ်(၁)ရပ်ကွက်မှ မုန်လာဥစိုက်ပျိုးရောင်းချသူ ဒေါ်အီမွန်ထံမှသိသည်။ မုန်လာဥများကို ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးပြီး မုန့်လာဥအကြီးအသေးအရော (၅)လုံးတွဲ(၁)တွဲလျှင် တစ်ထောင်ရောင်းချရကြောင်း၊ မုန်လာဥစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်း၊ မိမိတို့ ဥယျာဉ်ခြံများနှင့် မြေကွက်အလွတ်များတွင် ရာသီပေါ်သီးနှံများ စိုက်ပျိုး၍ ရောင်းချပါက အပိုဝင်ငွေရရှိနိုင်ကြောင်း” ပြောကြားခဲ့သည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)