ဒဂုံမြို့သစ်‌(တောင်ပိုင်း) မြို့နယ်ဈေးများတွင် မီးဘေးလုံခြုံရေး  စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်

ဒဂုံတောင်  ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌(တောင်ပိုင်း) မြို့နယ်ဈေးများတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ  ဦးမြင့်သူ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဒဂုံသီရိ‌ဈေး၊ ဗဟိုစည်ဈေး၊ မင်းရဲကောင်းပုံဈေး၊ ကေတုမတီဈေးများ၌ မီးသုံးစွဲနေမှုအခြေအနေ၊ မီးစက်များထားရှိမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးစနစ်များအား စစ်‌ဆေးကာ ဈေးနှင့်ပတ်သက်၍ လိုအပ်သည့် မီးဘေးလုံခြုံရေးဆိုင်ရာ  အကြံပြု‌ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်‌ပေးကြ‌ကြောင်း သတင်းရရှိသည်။

သန်းသန်းအေး