ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးရောက်ရှိခဲ့ပါက ဘုရားအမှတ် ၁၈၂၆ ဘုရားတည်ဆောက်မှုဗိသုကာပုံစံနှင့် နံရံပန်းချီများကိုလေ့လာနိုင်

ညောင်ဦး ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေး လာရောက်ခဲ့ပါက ပုဂံဒေသရှိ သမိုင်းအထင်ကရဘုရားများကို ဖူးမြော်ပြီး ဘုရား အမှတ် ၁၈၂၆ ဂူဘုရား တည်ဆောက်ပုံဗိသုကာပညာရပ်နှင့် ဂူဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။

ဘုရားအမှတ် ၁၈၂၆ ဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်းမ ကြီးတောင်ဘက် ဥပါလိသိမ်တောင်ဘက်တွင် တည်ရှိပြီး အရှေ့ဘက်မုခ်လှည့်ဂူဘုရားတစ်ဆူ ဖြစ်သည်။ လိုဏ်အတွင်းပလ္လင်တော်ပေါ်၌ အရှေ့ဘက်မျက်နှာမူ အဂ္ဂသာဝကနှစ်ပါး ခြံရံလျက် ထိုင်တော်မူဆင်းတုတော်တစ်ဆူတည်ရှိဖူးမြော်နိုင်သည်။ ဂူဘုရားအတွင်း အထက်ပေါင်း မိုးနံရံနှင့် ဘေးနံရံတို့တွင် အရောင်စုံလှသည့် အဝိုင်းကွက်ကြီးများထဲတွင် အဝိုင်းငယ်များအတွင်း ပန်းပွင့်ပုံနံရံပန်းချီများ၊ သစ်ရွက်ပုံပန်းချီများ၊ စေတီပုံပစ္စယာနံရံ ပန်းချီများနှင့် မဟာဘုတ်တိုင်၊ ဗေဒင်၊ နတ္ခတ်တွက်ချက်ပုံ နံရံပန်းချီများရေးဆွဲထားပြီး ပလ္လင်တော်ကိုလည်း နံရံပန်းချီးများ အပြည့်ရေးဆွဲထားသည်ကို လေ့လာနိုင်သည်။ ဂူဘုရားအပြင်ဘက်တွင် အင်္ဂတေစိန်တောင်ပန်း များ၊ ပန်းဆွဲများနှင့် ဘီလူးပန်းဆွဲများကို လေ့လာနိုင်ပြီး ဂူဘုရား တည်ဆောက်မှု ဗိသုကာ ပညာရပ်နှင့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။

ဘုရားအမှတ် ၁၈၂၆ ဂူဘုရား၏ မြောက်ဘက်တွင် ဥပါလိသိမ်နှင့်ရှေးဟောင်းစေ တီပုထိုးများ၊ အရှေ့ဘက်တွင် ထီးလိုမင်းလိုဘုရား၊ အနောက်ဘက်တွင် ခေမင်္ဂဘုရားဘု ရားစုနှင့် အနောက်မြောက်ဘက်တွင် ရင်မနားဘုရားအစုအဝေးတို့ကို တဆက်တစပ် တည်းလေ့လာနိုင် ကြောင်း သိရသည်။

ဒီပါလင်း