မြင်းခြံမြို့ အထက-ခွဲ (အလင်းရောင်) ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အထက-ခွဲ (အလင်းရောင်) ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား၊ ကျောင်းသူလေးများ လွတ်လပ်ရေး ရရှိ အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လွတ်လပ် ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ထောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ် ကြရန်လိုအပ်ကြောင်း  စသည့် အကြောင်း အရာများကို ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအတွက် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။                          

ကျော်စွာ(မြင်းခြံ)