သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် (Book Club) တို့ ပူးပေါင်းကာ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့်“ လူငယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားခဲ့သည်။ ထိုနောက် (Book Club) အဖွဲ့ဝင် စာရေးဆရာမ မေမြတ်စန္ဒာက " လူငယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း" စာအုပ်တွင်ပါရှိသည့် "လူငယ်နှင့် အောင်မြင်ခြင်း "၊ “ဉာဏ်ရည်ဉာဏ်သွေးအတွေးအခေါ်၊ လူငယ်နှင့် စူးစမ်းလိုစိတ်" စသည်တို့ကို ဖတ်ပြဆွေးနွေးခဲ့ သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များကမိမိတို့ အတွေ့အကြုံများ၊ အမေးအဖြေများ ကဏ္ဍများကို ဖတ်ပြဆွေးနွေးကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)