ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး (ဧရာမင်း) စံကွက်ရိတ်သိမ်းပွဲကျင်းပ

မန္တလေး ဒီဇင်ဘာ ၁၇

စပါးတစ်ဧကအထွက်နှုန်း မိတ်ဖက်များဖြစ်သည့် တစ်ဧကဝင်ဆန့်သည့် ကောက်ကွက်အရေအတွက်၊ အနှံပါပင်ပွားအရေအတွက်၊ တစ်နှံပါ အောင်စေ့အရေအတွက် စသည်ကို သိရှိခြင်းအားဖြင့် နောင်နှစ်စပါးစိုက်ရာသီတွင် အားသာချက်၊ အားနည်းချက်များကို သုံးသပ်နိုင်ရေးနှင့် အထွက်နှုန်းတိုးမြှင့်ရေးကို ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး (ဧရာမင်း) စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာလ(၁၄)ရက် နံနက် ၉ နာရီခွဲအချိန်မှစတင်၍ (ည)ရပ်ကွက်၊ ကွင်းအမှတ်(၅၆၈)၊ ဦးပိုင်(၆၈/၁)၊ တောင်သူ ဦးတင်မျိုးဝင်း၏ မိုးစပါး ဧရာမင်း စိုက်ခင်းတွင်ရိတ်သိမ်းပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်