ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ကလိန်အောင် ဒီဇင်ဘာလ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကျောင်းသူလူငယ်များအ‌နေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်‌စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊  အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယမန်နေ့‌ညနေ့(၃)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က လူငယ်တွေအတွက်ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ အ.ထ.က ကလိန်‌အောင်ကျောင်းမှ ကျောင်းသား ကျောင်းသူများက စိတ်ပါးဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)