အမရပူရမြို့ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် တွဲဘက်အထက်တန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

အမရပူရ ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် တွဲဘက်အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအကြောင်းကို အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကျောင်းသား၊ ကျောင်းသူလေးများအား ဟောပြောပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများ လူကုန်ကူးမှုအကြောင်း သိရှိနားလည်စေရန် နံရံကပ်စာစောင်များ ပြသပေးခဲ့ပြီး စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းလေးများ ရရှိစေရန် ရည်ရွယ်ပြီး စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)