ကလောမြို့နယ်၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ   

ကလော ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူတို့က ပုံပြင်ခေါင်းစဉ်အသီးသီးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုကို “ချစ်ချစ်ခင်ခင်ခွေးနဲ့ဆင်” ခေါင်းစဉ်ဖြင့် မစံဝင့်နဒီထိုက်ကလည်းကောင်း၊ ဒုတိယဆုကို “မင်းသမီးလေးဟဆဲလ်ဟီမဲ”ခေါင်းစဉ်ဖြင့် မမြတ်သိင်္ဂီကျော်ကလည်းကောင်း၊ တတိယဆုကို “ကျူပင်စောင့်နတ်ကလေး”ခေါင်းစဉ်ဖြင့် မမိုးမြတ်သင်းကလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)