ကလော ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း ၂/၂၀၂၃ ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် ယနေ့ခေတ် လူငယ်လူရွယ်များ အသိပညာများအပြင် အတက်ပညာကိုပါ လက်တွေ့ကျကျ အသုံးချတက်မှသာလျှင် မိမိတို့ဘဝ ရပ်တည်ချက်ခိုင်မာလာစေရန်၊ ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝ အဆင့်အတန်း မြင့်မားတိုးတက်လာစေရန် စသည်တို့ကို သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် ကလောမြို့ပေါ်ရှိ သင်တန်းသား၊သင်တန်းသူ ၁၀ ဦးတို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ စ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)