ညောင်ရွှေ ဒီဇင်ဘာ ၁၆
၂၀၂၃ ခုနှစ်၊ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက အ.ထ.က(၁) ညောင်ရွှေဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် မြို့မ (ခ) အသင်းနှင့် ဘန်းပြင်ကျေးရွာအုပ်စုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘန်းပြင်ကျေးရွာအုပ်စုအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အကောင်းဆုံး ကစားသမားဆုများကို တာဝန်ရှိသူများကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မြို့မ(ခ)ဘောလုံးအသင်းကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်ပိုင်စိုးကလည်းကောင်း၊ ပထမဆုရရှိသည့် ဘန်းပြင်ကျေးရွာအုပ်စုအသင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်