မရမ်းကုန်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း၏ (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး “ရွှေရောင်သမိုင်း”အသင်းဥက္ကဋ္ဌဦးဇွဲရန်နိုင်က အသင်း၏လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မရမ်းကုန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြိုးအောင်ဟိန်းနှင့် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးကျော်စိုးကြည်တို့က ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပြီး ၂၀၂၃ခုနှစ်အတွင်း တစ်နှစ်တာအကောင်းဆုံးထူးချွန်ဆုရရှိသူ ဦးဝေယံထွန်းအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်း၊ အသင်းဝင်ဆုများချီးမြှင့်ခြင်းနှင့် ၂၀၂၃ခုနှစ်အတွင်း “ရွှေရောင်သမိုင်း”အသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)