တာလေ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီချင်းဆိုပြိုင်ပွဲတွင် ''အာရှသူရဲကောင်း''သီချင်းဖြင့် Grade-4 မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၆)ဦးနှင့် Grade-5 မှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၆)ဦးစီ နှစ်ဖွဲ့ယှဉ်ပြိုင်ကြပြီး Grade-4 တွင် ပထမဆုကို မခေဆက်သွင်ကလည်းကောင်း၊ ဒုတိယဆုကို မဟေမာန်ဇော်ကလည်းကောင်း၊ တတိယဆုကို မောင်စွမ်းကောင်းမြတ်ကလည်းကောင်း အသီးသီးရရှိခဲ့ပြီး Grade-5 တွင် ပထမဆုကို မဂျူးဂျူးဇင်ကလည်းကောင်း၊ ဒုတိယဆုကို မောင်ယောလှဝင်းကလည်းကောင်း၊ တတိယဆုကို မအင်ကြင်းကိုကိုကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုရရှိသူများအား ပညာရေးစုံညီပွဲတော်ကျင်းပချိန်တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)