ပျော်ဘွယ်မြို့နယ်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့၌ ဆုရရှိသောသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၅

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပပြုလုပ်ခဲ့သည့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့မှုအခြေအနေများ၊ နောင်လာမည့်ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ဦးစီး ဒေါ်စန်းစန်းကြူနှင့် တာဝန်ရှိသူများက အထက်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြောပြိုင်ပွဲနှင့် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)