ဒဂုံတောင် ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းနိုင်က အမှာစကားပြောကြားရာတွင် စက်သုံးဆီများအခြေအနေ၊ ဝန်ထမ်းများသက်သာချောင်ချိရေး စားသုံးဆီရောင်းချပေးမှုအခြေအနေများ၊ နေ့ကြီး၊ ရက်ကြီးအထိမ်းအမှတ်နေ့အခမ်းအနားများ အလေးထားပူးပေါင်းပါဝင်ရေး၊ ရုံးဥပဓိရုပ်ကောင်းမွန်စေရေး၊ ရုံးသန့်ရှင်းရေး၊ နိုင်ငံတော်အလံသစ်လွင်တောက်ပစေရေး၊ ကျူးကျော်များရှင်းလင်းရေး၊ ရှင်းလင်းပြီးနေရာများထပ်မံမကျူးရန်စောင့်ရှောက်ရေး၊ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ လုံခြုံရေးနှင့်မီးဘေးလုံခြုံရေး အထူးသတိပြုကြရန်၊ CCTV မှတ်တမ်းများစစ်ဆေးကြရန်၊ ကျောင်းစောင့်မရှိသောကျောင်းများ စာရင်းပေးကြရန်၊ ပန်းခင်းစီမံချက် ဒီဇင်ဘာလ အပြီးဆောင်ရွက်ရန်စသည်များနှင့် အခက်အခဲများ အခြားလိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း လမ်းညွှန်ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ၊ ပူးပေါင်းရွက်ရမည့်အခြေအနေများကို အသီးသီးတင်ပြကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းနိုင်က အစည်းအဝေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများက သိရှိလိုသည့် အချက်အလက်များကိုမေးမြန်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းသန်းအေး