ကျိုင်းလပ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက အခြေခံပညာမူလတန်းကျောင်း(နမ့်ငေါ့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကဗျာရွတ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို အခြေခံပညာမူလတန်းကျောင်း(နမ့်ငေါ့)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်က ကြီးမှူး၍ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ပညာရေးရုံးမှ ဆရာမများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကာ အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် (၁၂)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၅)ဦး စုစုပေါင်း (၁၇)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာမည့် ၂၀၂၃-၂၀၂၄ ပညာရေးစုံညီပွဲတော်တွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူလေးများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)