ကွန်ဟိန်း ဒီဇင်ဘာ ၁၅
ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွန်ဟိန်းမူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က မဟာကမ္ဘောဇပြည်ငြိမ်း အေးစေတီတော်မုဒ်ဦးရင်ပြင်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ကာယသီဆိုလှုပ်ရှားကစားခြင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပင်ဘောင်လုံးကောက်ပြိုင်ပွဲ၊ ခွက်ဆင့်ပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ ပူဖောင်းနှင်းပြိုင်ပွဲ၊ ဖိနပ်ရွှေးပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ အလွတ်ပြေးပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းကစားခြင်းပြိုင်ပွဲစသည့် အားကစားနည်း (၁၀) မျိုးဖြင့် ပျော်ရွင်စွာယှဉ်ပြိုင်ကစားကြသည်။
ထိုနောက်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်၊ မြို့နယ်လူမှုဝန်ထမ်းဦစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)