မန္တလေး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေး၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းပြီး ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေချထားပေးပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းအတွေ့အကြုံများအပေါ် လစ်ဟာမှုမရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်းပြောကြားသည်။
၎င်းနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီးဦးကျော်ဆန်းက အခမ်းအနားပြင်ဆင် ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်အစီအမံများအား အသေးစိတ် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်