နမ့်စန်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်လှစ်

နမ့်စန်() ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မိုး တို့က သင်တန်းဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ဇော်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် တို့ကို ရည်ရွယ်၍ အဆိုပါလက်သမား၊ပန်းရံသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကာ သင်တန်းသို့ နမ့်လစ်ကျေးရွာအုပ်စု၊ လွိုင်ယဲကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာအုပ်စု၊ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအုပ်စုနှင့် မက်မွန်မုန်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

သူရအောင်(နမ့်စန်)