ဝမ်းတွင်းမြို့နယ် ရွှေဂံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်  ရွှေဂံကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ သိန်း ၁၅၀နှင့် ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေ ကျပ် ၄၅ သိန်းဖြင့် ကျေးရွာ (၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ရွှေတောင်ကျေးရွာအုပ်စု ရွှေဂံကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် ပေ ၇၅၀ အကျယ် ၁၂ ပေ ထု ၆လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ သိန်း ၁၅၀နှင့် ကျေးရွာနေပြည်သူလူထု ထည့်ဝင်ငွေ ကျပ် ၄၅ သိန်း စုစုပေါင်း ၁၉၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ၎င်း ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်   ပြီးစီပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဂံကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် စီမံကိန်းတာဝန်ခံများက သတ်မှတ်စံချိန်စံညွှန်နှင့် ကိုင်ညီမှုရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)