မိုင်းယောင်းမြို့၌ ညောင်ထောက်ကွန်ကရစ်လုပ်ငန်းပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်အုပ်စု၊ ဝမ်ကြူးကျေးရွာအနီးရှိ ဗောဓိရွှေညောင်ပင်တွင် အလျား/အနံ(၁)ပေခွဲ၊ အမြင့်(၁၁)ပေရှိ ညောင်ထောက်ကွန်ကရစ်လုပ်ငန်း ၂၅% ပြီးစီးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

တန်ခိုးကြီးပြီး ထင်ရှားကျော်ကြားသော ဗောဓိရွှေညောင်ပင်ကို သာသနာနှစ် ၁၅၅၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၀၁၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၃၇၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် ရဟန္တာ ၄ ပါးတို့က စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါညောင်ကိုင်းထောက်ကွန်ကရစ်လုပ်ငန်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် ဇနီးဒေါ်နန်းအေးငွေ မိသားစုမှလှူဒါန်းငွေ ကျပ်သိန်း ၃၀ ဖြင့် တည်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက အ.မ.က(ဝမ်ဘိုး)ကျောင်းတွင် အပတ်စဉ်စနေနေ့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)