လဲချားမြို့ လူထုအခြေပြု (Community Centre)တွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

လဲချား ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၉ နာရီအချိန်က စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊​ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာ​စေရန်အတွက် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း​ပြာကြာပြီး သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ အ.လ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)