မင်္ဂလာဒုံ ဒီဇင်ဘာ ၁၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင် (၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဥ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ပထမနေ့အဖြစ် ယနေ့နံနက် (၉)နာရီမှ မွန်းလွဲ (၃)နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ မြို့နယ်သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့ရာ မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မင်္ဂလာဒုံမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက် (၁၆)ခုတို့မှ မဲဆန္ဒရှင်ပြည်သူ (၁၅၉)ဦး၊ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၄၆၅)ဦး တက်ရောက်ခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)