ပင်းတယမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေး

ပင်းတယ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးအတွက် ပင်းတယမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများ၌ ထားရှိသော မီးသတ်ဆေးဗူးများ အသုံးပြု၍ ရ/မရစစ်ဆေးခြင်း၊ လျှပ်စစ်ကြိုးသွယ်တန်းထားရှိမှုများ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ဒေသပြန်/ဆက်)