တပ်ကုန်း ဒီဇင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးနေမှု၊ ဒေသဖွံ့ဖြိုးမှုအခြေအနေများသိရှိရန် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် MSME အသင်းဥက္ကဋ္ဌနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ နွယ်ရစ်ကျေးရွာ၊ ကွင်းအမှတ်၊ ၁၄၅၉ ကွင်းအတွင်း တောင်သူများစိုက်ပျိုးထားသည့်ပန်းမုန်လာခင်း၊ ပန်းစိမ်းခင်း၊ ဂေါ်ဖီခင်းများပိုးမွှားကင်းစင်ရေး၊ အပင်ကြီးထွားရေး၊ ပန်းပွင့်များအောင်မြင်ဖြစ်ထွန်းရေးအတွက် အင်ဂျင်စက်ဖြင့် မြေအောက်ရေအသုံးပြုဆောင်ရွက်နေမှု၊ နွယ်ရစ်ကျေးရွာနှင့်တပ်ကုန်းမြို့ ဆက်သွယ်ထားသည့် တံတားချဉ်းကပ်လမ်းရေတိုက်စားမှု၊ သူဌေးကုန်းကျေးရွာ၊ ကျားသေအိုင်ကျေးရွာ၊ ကွင်း အမှတ်၊ ၁၄၀၇ ကွင်း၊ ၁၄၀၈ ကွင်းအတွင်း စားပြောင်းများစိုက်ပျိုးထားမှု၊ နေရောင်ခြည်စွမ်းအား ဆိုလာစနစ် အသုံးပြု ရေတင်စိုက်ပျိုးနေသည့် ပန်းမုန်လာခင်း၊ ဂေါ်ဖီခင်း၊ ခရမ်းခင်း၊ နံနံပင်ခင်း များ စိုက်ပျိုးနေမှုတို့အား ကြည့်ရှုခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်၊ မြို့နယ် MSME အသင်းဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် သက်ဆိုင်ရာတောင်သူများ၊ ရပ်မိရပ်ဖများက ရာသီအလိုက် သီးနှံစိုက်ပျိုးမှုများ၊ ကျေးရွာတံတားချဉ်းကပ်လမ်း ရေတိုက်စားမှု၊ ဆောင်းသီးနှံ အတွက် မြေအောက်ရေ ရရှိရေး စက်သုံးဆီအသုံးပြုမှု၊ ဆိုလာစနစ်အသုံးပြုမှုများ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေးတောင်သူများ လုပ်ငန်း အဆင်ပြေစေရေးနှင့်ရပ်ရွာဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ခန်းမသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်စိုက်ပျိုးရေးတောင်သူများ၊ စားသုံးဆီ၊ စက်သုံးဆီများအဆင်ပြေစေရန် စားသုံးဆီအရောင်းကိုယ်စားလှယ်များ၊ စက်သုံးဆီခွဲဝေရောင်းချရေးကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်