ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြေဆီလွှာအာဟာရ ပြန်လည်ဖွံ့ဖြိုးစေရေး သဘာဝမြေဩဇာထည့်သွင်းခြင်းနှင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဒီဇင်ဘာ ၁၄         

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက သမဝါယမအသင်းများ စပါးစိုက်ပျိုးမှုထုတ်လုပ်မှု အထွက်နှုန်းတိုးတက်မြင့်မာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။         

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းပေါင်း (၃၅)သင်း၊ အသင်းသားဦးရေ (၃၀၉၅)ဦးအား လယ်မြေဧရိယာ (၁၆၀၀၀)ဧကအတွက် ငွေကျပ်(.)ဘီလီယံ တန်ဖိုးရှိ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးထားခဲ့ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်းများအနေဖြင့် တစ်နှစ် ()သီးမှ ()သီးသို့ သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်မှာသာ အကျိုးအမြတ်များစွာ ရရှိနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းလမ်း ()သွယ် ပြည့်စုံကောင်းမွန်ရန် လိုအပ်မှာဖြစ်ကြောင်း၊ မိမိတို့၏ လယ်မြေများအား မြေဆီလွှာများအာဟာရ ပြန်လည်ဖွံ့ဖြိုးစေရေး သဘာဝမြေဩဇာထည့်သွင်းခြင်းနှင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းများကို မဖြစ်မနေ ဆောင်ရွက်သွားရမှာဖြစ်ကာ စိုက်ပျိုးရေရရှိရေးအား နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်နေသည့် အချိန်အခါဖြစ်၍ အသင်းသားများအနေဖြင့် မိမိတို့၏လုပ်ငန်းများတွင် ပိုမိုကြိုးစား အားထည့်ဆောင်ရွက်ပါက ချက်ခြင်းအကျိုးကျေးဇူးများစွာ ရရှိခံစားရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ မိုးစပါး၊ ဆောင်းသီးနှံနှင့် နွေစပါးစသည့် ရာသီအလိုက် သီးနှံများပေါ် သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့် ပံ့ပိုးပေးခြင်းနှင့်အတူ လယ်ယာသုံးစက်ကိရိယာများ အရစ်ကျဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုအပေါ် အသင်းသားများအနေဖြင့် မိမိတို့၏ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးက သမဝါယမသင်းများ၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၊ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာသမဝါယမအသင်းများမှ အသင်းသားများက အသင်းတစ်ခုချင်းအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် သီးခြားလိုအပ်ချက်များကိုလည်းကောင်း အသီးသီး တင်ပြခဲ့ကြရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။         

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် သမဝါယမအသင်းများ၏ စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်အခြေအနေများနှင့်ပတ်သက်၍ အကြံပြု တင်ပြဆွေးနွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမဝါယမအသင်းတစ်ခုချင်းအလိုက် တင်ပြသည့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် အချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။         

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်အောင်မြင်စေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ()မြို့နယ်ရှိ သမဝါယမအသင်း ()သင်းအတွက် ပံ့ပိုးငွေကျပ် (၄၀.၈၀)သန်း၊ မြို့နယ် ()မြို့နယ်မှ အသင်းပိုင်လယ် မြေပြုပြင်ခြင်းအတွက် ပံ့ပိုးငွေကျပ် (၃၆၅.၆၆)သန်းနှင့် မြို့နယ် ()မြို့နယ်မှ မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ် (၈၀)သန်း ပံ့ပိုးပေးနိုင်ရေး လျာထားဆောင်ရွက်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)