မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

မိုင်းပန် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နေ့လည် ၂ နာရီ အချိန်တွင် ရုံးတွင်းဝန်ထမ်း(၅)ဦးဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတိတရားဖြင့် သတိထားဆောင်ရွက်သင့်သည့် လက်တွေ့ကျသော အချက်များ စာအုပ်ပါ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လိုက်နာရမည့်ကျင့်ဝတ်များအကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)