မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က  လူငယ်များသည် အခွင့်အလမ်းများစွာရှိကြောင်း၊ လူငယ်ဟူသည့် အဓိပ္ပာယ်၊ လူငယ်များအတွက် စာအုပ်စာပေ  မိတ်ဆွေကောင်းဖြစ်ကြောင်းနှင့် စာဖတ်ပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများကို   လေ့လာရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများ၊ မူးယစ်ဆေးဝါးအန္တရာအကြောင်း သိကောင်းစရာများနှင့် လူကုန်ကူးမှု အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)