ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်

ကရသူရိ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများ အားလပ်ချိန်အတွင်း စာအုပ်/စာပေမျေားကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး Mobile Library စနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာအုပ်/စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ ရရှိခြင်း၊ ကျောင်းစာများသာမက ပြင်ပ အသိပညာ/ အတတ်ပညာများ ရရှိခြင်းနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက် ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါ ငှားရမ်းရာ၌ မဂ္ဂဇင်း၊ ဂျာနယ်၊ သုတ၊ ရသ၊ ကာတွန်း၊ ရုပ်ပြနှင့် အထွေထွေဗဟုသုတ စသည့် စာအုပ်များ စုံလင်စွာ ပါရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းသည် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို တစ်ပတ်လျှင် (၂) ကြိမ်ဖြင့် စာအုပ်အသစ်များ လဲလှယ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)