မတ္တရာမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ

မတ္တရာ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (မြို့သစ်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က " လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး  အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ လူငယ်များ အချင်းချင်း အသိပညာ အတက်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်’’ စသည်ဖြင့် လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ သည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က ဦးဆောင်ဆွေးနွေးကာ Grade-12 ကျောင်းသူ မနန်းမို့မို့အောင်မှ  လူငယ်နှင့် အချိန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်း သား မောင်ရန်မင်းခန့်မှ လူငယ်နှင့် AI ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ရဲရင့်အောင်မှ လူငယ်နှင့် အိပ်မက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ စိန်ရီရီသောင်းမှ လူငယ်နှင့် လူမှုကွန်ယက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဖြိုးသဒ္ဒါမောင်မှ လူငယ်နှင့်ကျန်းမာရေး  အစရှိသည့်​ ခေါင်းစဉ်ပါအ​ကြောင်းအရာများကို​ ဆွေး​နွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)