သပိတ်ကျင်းမြို့နယ်၌ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

သပိတ်ကျင်း ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၏ (၂၄)​ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အား ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်၊ အောင်မြင်သာကျောင်းတိုက်၌  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် ကျင်းပရာတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပင့်သံဃာ (၆၈) ပါးအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဆက်လက်ကျင်းပရာ ကြွရောက်လာသူမျာမှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ခဲ့ကာ အောင်မြင်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး  ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊သံဃာတော်များနှင့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဝါဆိုဝါကပ်တော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများမှ "ကထိန်လျာမြတ်သင်္ကန်း" ဆက်ကပ်လှူဒါန်း‌ပေးခဲ့ကြပြီး  မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့သည်။  စုပေါင်းမဟာ ဘုံကထိန်အား မြသပိတ်၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ စောင်၊ မွေ့ရာ၊ တံမြက်စည်း စသည့်လှူဖွယ်ပစ္စည်း တန်ဖိုး နဝကမ္မဝတ္ထုငွေ၊ စုစုပေါင်း (၁၂,၄၁၈,၅၀၀)ကျပ်အား ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)