လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းတွင် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉.၀၀) နာရီက အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်း ကျောင်းမှ‌ ‌ ကျောင်းအုပ်ဆရာမကြီး‌‌ ဒေါ်ခင်မြင့်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။

အဆိုပါဟောပြောပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာ‌ ဦးသူရ‌ဇော်က စာ‌ပေမြင့်မှ လူမျိုးတင့်မည်ခေါင်းစဉ်ဖြင့် အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၉)ဦးက စာပေမြင့်မှ လူမျိုးတင့်မည် ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ကြသည်။

ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာရေးဆရာများ၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၂၀)ဦး တက်ရောက်ကြပြီး မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာ‌ပေးနံရံကပ်စာ‌စောင်များကို တက်‌ရောက်လာကြ‌‌သော ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။

မြင့်ဇော်