ဒဂုံ(တ) ဒီဇင်ဘာ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပတ်သက်၍ တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ဖွဲ့ဝင်သစ်များအား အသိပညာဗဟုတများရရှိစေရန်၊ လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၃)ကို ယနေ့နံနက် (၉:၀၀)နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဆရာဦးဆန်းလွင်ဦးက ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီအသင်းအခြေခံမူများ၊ ကြက်ခြေနီအသင်းရည်ရွယ်ချက်၊ ကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်များအား တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ဖွဲ့ဝင်သစ်များ လွယ်ကူသိရှိ မှတ်သားနိုင်ရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အရာခံဗိုလ်အောင်သီဟက လူနာဆန်းစစ်ခြင်းခေါင်းစဉ်၊ လက်တွေ့လူနာကယ်ဆယ်ခြင်းခေါင်းစဉ်တို့ကို ပထမနေ့သင်ခန်းစာများအဖြစ် သင်ကြားပေးကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် သင်တန်းအား (၃)ရက်ကြာ သင်ကြားမည်ဖြစ်ပြီး ယခုလိုသင်တန်းများဖွင့်လှစ်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်းများ၊ တပ်ဖွဲ့ဝင်သစ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပတ်သက်၍ သိရှိထားသင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်စွာမိုး (ဒဂုံတောင်)