ရန်ကုန် ဒီဇင်ဘာ ၁၃
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးတို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အစီအစဥ်ကို ယနေ့နံနက် (၉)နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး သန်လျင်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက အသိပညာပေးအစီအစဥ်၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးဘသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက မီးသတ်ဆေးဘူးများအား အမှတ်တရလက်ဆောင်ပေးအပ်ရာ အ.ထ.က (၁)သန်လျင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်က လက်ခံရယူသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ကာကွယ်တုံ့ပြန်နိုင်ရေး လက်တွေ့ပြသခဲ့ပြီး ဂိမ်းကစားနည်း (၉)မျိုးဖြင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)