တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးရုံ နှစ်ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရန် မြေသန့်မင်္ဂလာကျင်းပ

တန့်ယန်း ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် သံဃာ့ဆေးရုံ နှစ်ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် မြေသန့်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် အခမ်းအနားကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလနှင့် ဆရာတော်ကြီးများက ဘာသာရေး အစဉ်အလာများအတိုင်း ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရသည်။      

မင်းလွင်ဦး(ပြန်/ဆက်)