ကျောက်တန်းမြို့ စည်ပင်သာယာမြို့မစျေး၌ စျေးမီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ကျောက်တန်း ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကျောက်တန်းမြို့ စည်ပင်သာယာ မြို့မစျေးကြီးအား မီးလန့်/မီးလောင်မှု မဖြစ်ပွားစေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးငြိမ်းသတ် လက်တွေ့သရုပ်ပြခြင်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းများကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က စည်ပင်သာယာမြို့မစျေးကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်၊၊

အဆိုပါ အခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်ဦးနှင့် အဖွဲ့၀င်များ၊ ကျောက်တန်းမြို့နယ် အမှတ် (၅၃)ယာဥ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ရဲနိုင်စိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် မီးသတ်တပ်အဖွဲ့ဝင်များ၊ စျေးသူ/သားများ ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိသည်၊၊

မြို့နယ် (ပြန်/ဆက်)