ဝမ်းတွင်းမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌  (၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြပွဲ ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်မှ စတင်ကာ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက (၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြပွဲ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းနင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က (ဝမ်းတွင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင့်က ပြိုင်ပွဲစည်းကမ်းများနဲ့ ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက်  (၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ  (၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲသို့ အ.ထ.က (ဝမ်းတွင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)