ပျော်ဘွယ်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၃

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားနေသော ကျောင်းများသည် မြို့လယ်တွင် ရှိသောကြောင့် လမ်းမကြီးများကို အသုံးပြု၍ လမ်းလျှောက်၍ဖြစ်စေ၊ စက်ဘီးစီး၍ဖြစ်စေ လာရောက်ရပါကြောင်း၊ ထိုအတွက်ကြောင့် မိမိတို့ကိုယ်တိုင် အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိထားရန် လိုအပ်ပါကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)