လဲချားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လဲချား ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉နာရီအချိန်က လူငယ်ရေးရာအသိပညာ​ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ဉီးစီးအရာရှိဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ​ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ အောင်မြင်သည့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာ​စေရန်အတွက် ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး လူငယ်ရေးရာနှင့်ပတ်သက်သည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၅) ဉီးတက်ရောက်ခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)