တံတားဦး ဒီဇင်ဘာ ၁၃
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် ကဗျာပြိုင်ပွဲ ကျင်းပကြောင်း သိရသည် ။
အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ် ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ် ၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်နှင့် လူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါး အန္တရာယ် မကျရောက်နိုင်ရန်အတွက် အသိပညာ ဗဟုသုတများ ရရှိရေး ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ပြောကြားပေးသည် ၊
ထို့နောက် အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သတ်သက်၍ မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က ပြန်လည်ဖြေကြားပေးပြီး အခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီအရာရှိနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများ ၊ ဆရာ/မများ တက်ရောက်ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားရေးနှင့် နှုတ်မှုစွမ်းရည် မြင့်မားရေးအတွက် ကဗျာပြိုင်ပွဲ ကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)