စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ

စမ်းချောင်း  ဒီဇင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့၊ နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ အမှတ်(၃)ရတနာပုံလမ်း အ.မ.က (၃)ကျောင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး  Center တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ်မှ ပဉ္စမအကြိမ်အထိ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ စုစုပေါင်းကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၄)ဦးတို့ကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာ တစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ  မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ဖြူသွယ်ထွန်း