ငါ့သရောက်မြို့နယ်တွင် ထန်းမြစ်များ အရောင်းအဝယ်ဖြစ်၍ စိုက်ပျိုးတောင်သူများ တွက်ခြေကိုက်

ငါ့သရောက်မြို့  ဒီဇင်ဘာ ၁၃ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊   ငါ့သရောက်မြို့တွင်   ဒုတိယဝါဆိုလပိုင်းအချိန်က ထန်းသီးအရင့်များကို  နွားစာအဖြစ် ပြုလုပ်ကာ ထန်းသီးအစေ့များကို မြေပါ်သို့ဖြန့်၍  သဲဖြင့်ဖုံးပြီးမြှုပ်နှံခဲ့ရာ ယခုအချိန်တွင် ထန်းမြစ်များ ရင့်သန်လာပါသဖြင့် ပြန်လည်တူးဖော် ရောင်းချလျက်ရှိကြောင်းသိရသည်။

အဆိုပါ ထန်းမြစ်များကို  တောင်သူအများအပြား  လုပ်ကိုင်ကြပြီး ထန်းမြစ်အချောင်း (၂၀)တစ်စီးကို (၇၀၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချပြီး လက်ကားစျေးတစ်စီးကို (၄၀၀) ကျပ်နှုန်းဖြင့်ရောင်းချကာ ညောင်ဦးမြို့၊ ပခုက္ကူမြို့နှင့် အခြားမြို့များသို့လည်း တင်ပို့၍  တောင်သူများအနေဖြင့် မိသားစုဝင်ငွေကို တဖက်တလမ်းမှ အထောက်အကူရရှိလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)