နောင်တရား၌ ပင်လောင်းမြို့နယ် ပညာရေးမဂ္ဂဇင်းထုတ်ဝေနိုင်ရေး အစည်းအဝေးပြုလုပ်

နောင်တရား ဒီဇင်ဘာလ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပင်လောင်းမြို့နယ် ပညာရေးမဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် အစည်းအဝေးပြုလုပ်သည်။

ပင်လောင်းမြို့နယ် ပညာရေးမဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် မဂ္ဂဇင်းထုတ်ဝေနိုင်ရေးကော်မတီဖွဲ့စည်းခြင်း၊ ဘဏ္ဍာရေး၊ ထုတ်ဝေရေး၊ ဖြန့်ချီရေး၊ စာတည်း၊ ဓါတ်ပုံမှတ်တမ်း၊ ကာတွန်း၊ စာစီစာရိုက် စသည့်အဖွဲ့ဝင်များကို ဖွဲ့စည်းပြီး ပင်လောင်းမြို့နယ် ပညာရေးမဂ္ဂဇင်း မျက်နှာဖုံးနှင့် ကာတွန်း၊ ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထု စသည့် စာမူများလက်ခံခြင်းနှင့် ထည့်သွင်း ဖော်ပြမည့် အခန်းကဏ္ဏများကို ဆွေးနွေးသည်။

အဆိုပါ ပင်လောင်းမြို့နယ် ပညာရေးမဂ္ဂဇင်းဖြစ်မြောက်ရန်အတွက် ပင်လောင်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများကို ဦးဆောင်၍ ဆောင်ရွက်ကြသည်။ ပင်လောင်းမြို့နယ်အတွင်း၌ ပညာရေးမဂ္ဂဇင်းထုတ်ဝေနိုင်ခြင်း မရှိသေးကြောင်း၊ ယခုထုတ်ဝေမည့် ပင်လောင်းမြို့နယ် မဂ္ဂဇင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)