တံတားဦး ဒီဇင်ဘာ ၁၃
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီက သဲမောင်းကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သဇင်ဆောင်၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် သဲမောင်းကန် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးသောင်းထွန်းအေးက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ ပြောကြားရာတွင် ကျောင်းသား/သူများ အနေအဖြင့် ပညာကို ကြိုးစားသင်ယူစေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံ၏ အနာဂတ်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/သူများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတ ပြည့်စုံပြီး ကာယ ၊ ဉာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်အတွက် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးသက်ဖြိုးအောင်က “ လူငယ်နှင့်ဥပဒေ “ခေါင်စဉ်ဖြင့် လည်းကောင်း ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်အိဖြူဖြူနှင့်းက “သဘာဝဘေးနှင့်ပတ်သတ်သည့် “ အကြောင်းအရာများကို၎င်း ၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက “ အားစားနှင့်လူငယ် “ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသိးသီး ပြန်လည်ဖြေကြားပေးကြသည် ။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်သား/သူများ၊ ဆရာ/မများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)