စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာဆို ပူဇော်ပွဲနှင့် စာဆိုဂုဏ်မော် လနတ်တော် ဆောင်းပါး ဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၁၃

ပုသိမ်ကြီးမြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော ၁၃၈၅ခုနှစ် နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာဆို ပူဇော်ပွဲနှင့် စာဆိုဂုဏ်မော် လနတ်တော် ဆောင်းပါး ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနရှိ ပံသုကျီခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိကထံမှ ဩဝါဒကထာ မွတ်ကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ နိုင်စေရ- မန်းတက္ကသိုလ်က မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို)မှ ပေးပို့သည့် စာဆိုတော်နေ့ သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ထို့နောက် ရဟန်းစာဆိုများနှင့် သက်ကြီးစာပေပညာရှင်များ စုစုပေါင်း ၁၆ ဦးအား ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး၊ မြို့နယ်စာရေးဆရာအသင်း နာယကဆရာကြီး မာဃိန္ဒ (ပုသိမ်ကြီး)မှ ဩဝါဒစကားပြောကြားခဲ့သည်။

ဆက်လက်၍ စာဆိုဂုဏ်မော် လနတ်တော် ခေါင်းစဥ်ဖြင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် အမျိုးသားစာပေဆုရ ဆရာချစ်စုအောင်က ဂုဏ်ပြုကဗျာ ရွတ်ဆိုချီးမြှင့်ခဲ့ပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)