အလုံ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ဘုန်းတော်ကြီး ကျောင်းများရှိ ၇ နှစ်မှ ၁၅ နှစ်အရွယ် သာမဏေများအား မေးခိုင်၊ ဆုံဆို့ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ကွင်းကျောင်းကျောင်းတိုက်၊ အောင်မင်္ဂလာပါဠိတက္ကသိုလ် စာသင်တိုက်၊ သဒ္ဒမဝံသာရုံ ပရိယတ္တိစာသင်တိုက်၊ ဇောတာနာရာမကျောင်းတိုက်များရှိ ၇ နှစ်မှ ၁၅ နှစ်အရွယ် သာမဏေများနှင့် ကျောင်းသားစုစုပေါင်း(၇၉)ပါးတို့အား မေးခိုင်၊ ဆုံဆို့နာရောဂါကာကွယ်ဆေး(တတိယအကြိမ်)အား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)