ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

ရန်ကင်း ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားရရှိစေရန်ရည်ရွယ်၍ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို   ယမန်နေ့နံနက်ပိုင်းက ခင်းကျင်းပြသခဲ့သည်။

အဆိုပါစာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ရန်ကင်းမြို့နယ်ရုံးအတွက် လစဉ်ပေးပို့သည့် ပညာရပ်မျိုးစုံပါဝင်သော သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားပြီး အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာပေးများနှင့် မူးယစ်ဆေးသုံးစွဲမှုကြောင့် လူငယ်လူရွယ်များလမ်းမှားရောက်ရပုံ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊  (၁၈)နှစ် မပြည့်သေးသောလူငယ်လူရွယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးခြင်း အသိပညာပေးနံရံကပ်စာစောင်များခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်ဆက်)